ဧပြီလ ၃၀ ရက်နေ့ မွန်းတည့်ခန့်က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်ရှိ ဖာပွန် ကျေးရွာအနောက်ဘက် လှိုင်းဘွဲ့ချောင်းအတွင်း ရေဆင်းကူးရာမှ မိန်းကလေးငယ် သုံးဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)မှ သိရသည်။ရွာသူ၊ ရွာသားများနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ ပူးပေါင်းရှာဖွေမှုဖြင့် ညနေ ၄ နာရီအချိန်ခန့်တွင် ပထမဆုံး ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ညနေ ၅ နာရီခွဲတွင် ဒုတိယအလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ကျန်ရှိသည့် တတိယမြောက် ကလေးငယ်၏ အလောင်းကို မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။



