ကွင်းလမ်းအသုံးပြုပြီးသွားလာနေရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့်လမ်းပိုင်းချော်လို့ ခရီးစဥ်နှောင့်နှေးမှုရှိနေတယ်လို့ ကားသမားတွေကပြောပါတယ်။မိုးရွာသွန်းမှုကြောင့် အဲ့ဒီကွင်းလမ်းနေရာတစ်ဝှိုက်တွေက လမ်းချော်မှုတွေ ဖြစ်နေပြီး ပုံမှန်ဆို နှစ်ရက်ခန့်သာကြာမြင့်တဲ့ လမ်းခရီးကို ၄ ရက်ကြာမြင့်ကာသွားနေရတဲ့အခြေနေတွေရှိတယ်လို့ ကားသမားတွေကပြောပါတယ်။



