နေပြည်တော်အတွင်းရှိ မြို့နယ်များနှင့် ဈေးများ၌ ဖွင့်လှစ်ရောင်းချသည့် စားသောက်ကုန်၊ လူသုံးကုန်နှင့် အိမ်ဆောက်ပစ္စည်းများကို ဝယ်ယူအသုံးပြုရာတွင် လွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်နိုင်ရေးတို့အတွက် ဈေးအသီးသီးတို့တွင် နေ့ဈေး/ ညဈေးများကို အများပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဈေးသည်များ ပုံမှန်အတိုင်း ဈေးဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။



