back

မြင်းခြံရှိ​ကျေးရွာများတွင် ဝမ်းပျက်ဝမ်း​လျှောဖြစ်ပွား​မှုမြင့်တက်၊ ကုသမှုမနိုင်မနင်းဖြစ်​

May 01 • 3:23 PM

breaking-news

မြန်မာ

မန္တလေး

cover

မြင်းခြံရှိ​ကျေးရွာများတွင် ဝမ်းပျက်ဝမ်း​လျှောဖြစ်ပွား​မှုမြင့်တက်၊ ကုသမှုမနိုင်မနင်းဖြစ်​

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်း​လျှောဖြစ်ပွားမှုနှုန်းမြင့်တက်​နေပြီး ​ဆေး​ပေးခန်းရှားပါးမှု​ကြောင့် ကုသမှုပိုင်းမနိုင်မ...

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်း​လျှောဖြစ်ပွားမှုနှုန်းမြင့်တက်​နေပြီး ​ဆေး​ပေးခန်းရှားပါးမှု​ကြောင့် ကုသမှုပိုင်းမနိုင်မနင်းဖြစ်​နေ​ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။ဖြစ်ပွားသည်မှာ ၁၀ ရက်တာရှိ​နေပြီး လက်လှမ်းမီသ​လောက်​ ကောက်ယူထား​သောစာရင်းအရ တရွာလျှင် ကိုးဦးမှ ၁၀ ဦး​၊ စုစု​ပေါင်း ရွာ​ပေါင်းခြောက်ရွာတွင် ပျှမ်းမျှ ၆၀ နီးပါးဖြစ်ပွား​နေ​ကြောင်း မြင်းခြံဒေသခံတဦးထံမှ သိရပါသည်။ထို့အပြင် ရွာ ၁၀ ရွာလျှင်သာ ​ဆေး​ပေးခန်းတခုသာ ရှိ​နေပြီး အဆိုပါ​ဆေး​ပေးခန်းများတွင်လည်းတတ်ကျွမ်းသည့်ဆရာဝန်များမရှိဘဲ သူနာပြုနှင့်ဆေးရုံအကူတို့သာရှိ​ကြောင်း​ ဒေသခံများကဆိုသည်။




news-view-count-icon

16