မွန်ပြည်နယ်ဈေးကွက်အတွင်း ဆားအဝယ်လိုက်နေသောကြောင့် နေလှန်းဆား တစ်ပိဿာ ၅၀၀ ကျပ်အထိ ဈေးတက်လာကြောင်း ဆားတောင်သူများထံမှ သိရသည်။လက်ရှိတွင် ဆားအထွက်နှုန်းကျပြီး တောင်သူများလက်ထဲ၌ ဆားမရှိသောကြောင့် ဈေးကွက်အတွင်း အဝယ်လိုက်နေသည်ဟု ဆိုသည်။မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်နှစ်အထိ နေလှန်းဆားကြမ်း တစ်ပိဿာလျှင် ၃၈၀ ကျပ်မှ ၄၀၀ ကျပ်အထိ ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့သော်လည်း ယခုနှစ် သင်္ကြန်ကာလပြီးနောက် နေလှန်းဆားကြမ်း တစ်ပိဿာလျှင် ၅၀၀ ကျပ်အထိ ဈေးတက်လာကြောင်း သိရသည်။



