back

တီးတိန်မြို့နယ် မံဆောင်းတံတားအောက်မှာ မြစ်ထဲဆင်းဖြတ်မောင်းကြတဲ့ကားသမားများ မိုးဦး စောမှာ စိုးရိမ်

May 01 • 1:05 PM

breaking-news

မြန်မာ

ချင်း

cover

တီးတိန်မြို့နယ် မံဆောင်းတံတားအောက်မှာ မြစ်ထဲဆင်းဖြတ်မောင်းကြတဲ့ကားသမားများ မိုးဦး စောမှာ စိုးရိမ်

တီးတိန်မြို့နယ် ရှိ မံဆောင်း မဏိပူရ မြစ်ကူး တံတား ဖျက်ဆီးတဲ့ အတွက် ဆောက်လက်စ တံတားသစ် အပေါ် ဒေသခံများမှ ယာယီ တံတားခင်းကာ မိုးတွင်း ရေကြီးတဲ့ ကာလမှာ ကုန်စည်များ ...

တီးတိန်မြို့နယ် ရှိ မံဆောင်း မဏိပူရ မြစ်ကူး တံတား ဖျက်ဆီးတဲ့ အတွက် ဆောက်လက်စ တံတားသစ် အပေါ် ဒေသခံများမှ ယာယီ တံတားခင်းကာ မိုးတွင်း ရေကြီးတဲ့ ကာလမှာ ကုန်စည်များ မြစ် တဖက်ကမ်းသို့ ကုန်တင်ကုန်ချ အလုပ်သမားများဖြင့် သယ်ယူ ဖြတ်ကူး ခဲ့ရာမှ ၂၀၂၄ အောက်တိုဘာ လ ကနေ စပြီး ဒေသခံ အဖွဲ့အစည်းများမှ ရေတိမ်တဲ့ နေရာသို့ လမ်းလွှဲ ဖောက်လုပ်ပြီး ကုန်တင်ကားများ မြစ်ထဲဆင်း ကား ဖြတ်ကူးခဲ့ကြခြင်း ဖြစ်တယ် လို့လည်း ကားသမားများ ထံမှ သိရှိခဲ့ ရ ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယ နယ်စပ်သို့ တင်ပို့တဲ့ ကုန်စည်များထဲတွင် ကွမ်းသီး တင်ပို့ မှု အများဆုံး ဖြစ်ပြီး တခြား ကုန်စည်များ လည်း ပို့ဆောင်နေတယ် လို့ လည်း အဆိုပါ ဒေသခံ ထံမှ သိရှိရပါတယ်။ 


news-view-count-icon

32