သရုပ်ဆောင် နေမင်းနဲ့ အဆိုတော်ဖြိုးမြတ်အောင်တို့က ငလျင်ဘေးသင့်ပြီး နေအိမ်တွေပြိုပျက်ခဲ့တဲ့ အင်းလေးမှာ ကိုယ်တိုင်ကိုယ်ကျ ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်နေခဲ့ကြတာဖြစ်ပြီးအင်းလေးကိုရောက်ခါစက ဝါးအိမ် တစ်လုံး နှစ်လုံးလောက်သာ ပြန်လည်တည်ဆောက်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက် အနည်းအကျဉ်းလေးနဲ့ ရောက်လာခဲ့ကြပေမယ့် ခုချိန်မှာတော့ အင်းထဲမှာ ဝါးအိမ်တွေအပြည့်ဖြစ်တဲ့အထိ တည်ဆောက်ပေးနိုင်ခဲ့ပါပြီ။ သူတို့နှစ်ဦးဟာ အလှူရှင်တွေရဲ့ သဒ္ဒါတရားထက်သန်မှုတွေနဲ့အတူ ဝါးအိမ်ပေါင်း အလုံး ၈၀ ကိုတည်ဆောက်ပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် ယခု အင်းလေးဒေသကနေ အခြားလိုအပ်နေတဲ့ အရပ်ဒေသတွေသို့ ဆက်လက်ချီတက်သွားမယ်လို့ နေမင်းကပြောပါတယ်။
သရုပ်ဆောင်နေမင်းနဲ့ဖြိုးမြတ်အောင်ဟာ အင်းလေးမှာ ဝါးအိမ်ပေါင်း အလုံး ၈၀ ကို ကိုယ်တိုင်လက်နဲ့ တည်ဆောက်ပေးခဲ့
May 01 • 8:53 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


