ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ နောင်ဒေႏနှင့် မောက်မွန်းကျေးရွာအုပ်စုများတွင် ဧပြီ ၂၇ ရက်နေ့က မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပြီး၊ ဒေသခံများသည် သစ်၊ ဝါး၊ သံ၊ သွပ်စသော အိမ်ဆောက်ပစ္စည်းများနှင့် နေရာထိုင်ခင်းအတွက် အလှူအကူအညီများ လိုအပ်နေကြသည်။



