မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ၊ ပြည်ပခရီးစဉ်များအား မေလ ၁ ရက်တွင် ပြန်လည်ပြေးဆွဲသွား မည် ဖြစ်ကြောင်း MAI(Myanmar Airways International) မှ သိရသည်။“မန္တလေးမြို့မှ ထိုင်းနိုင်ငံသို့ ပြည်ပခရီးစဉ်များကို MAI မှပြန်လည်ပြေးဆွဲပေးနေပါပြီ” ဖြစ်ကာ၂၀၂၅ ခုနှစ် မေလ ၁ ရက်နေ့မှစတင်၍ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည် ပြည်ဆိုင်ရာလေဆိပ် နှင့် ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ နေ့စဥ်ခရီးစဥ်များ၊ ချင်းမိုင်မြို့ ဆီသို့ တစ်ပတ်လျှင် (၂ ကြိမ်)ပြည်ပခရီးစဥ်များကို ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ပါတယ်။
မတ်၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်မြေငလျင်ကြီးကြောင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ပင်မ အ ဆောက်အဦထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ရာ၊ ထို့နေ့မှစ၍ ပြည်တွင်းပြည်ပခရီးစဥ်များ ယာယီရပ်ဆိုင်းခဲ့သလိုဧပြီ ၄ ရက်တွင် ပြည်တွင်းခရီးစဥ်များအတွက်ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး၊ မေ ၁ ရက် မှစတင် ကာ ပြည်ပခရီးစဥ်များလည်း ပြန်လည်ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။


