ရန်ကုန်တိုင်း ၊စမ်းချောင်းမြို့နယ် လင်းလွန်းတောင် ရွှေလောင်းလမ်း အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစု၄ယောက်နဲ့ အိမ်မွေးခွေး ၁ကောင် အသက်ရှုရပ်ပြီးသေဆုံးသွားခဲ့ပါတယ်။ဒီနေ့မနက် မေလ၁ရက်နေ့မှာ အဆိုပါအခန်းအတွင်းမှ အနံ့တွေထွက်နေတဲ့အတွက် ပတ်ဝန်းကျင်မှလူ များ တံခါးဖျက်ပြီးဝင်ရောက် ကြည့်ရှုရာမှ သေဆုံးသူများကို တွေ့ရှိရတာဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးကပြောပါတယ်။“သေနေတာ၃ရက်၄ရက်လောက်တောင်ရှိနေပြီလို့ပြောတယ်။အခန်းထဲမှာမီးစက်ကြီးဖွင့်ပြီးအိပ်နေကြတာ။မီးစက်ကထွက်တဲ့အငွေ့တွေကြောင့်အောက်စီဂျင်ပြတ်ပြီးသေဆုံးတာ။ပြင်ပဒဏ်ရာရရှိတာတော့မရှိပါဘူး” လို့မျက်မြင်တစ်ဦးကဆိုကာသေဆုံးသွားသူများမှာ အိမ်ရှင်လင်မယား၂ယောက် ကလေးငယ်တစ်ဦး ခယ်မဖြစ်သူနဲ့ အိမ်မွေးခွေးတစ်ကောင် သေဆုံးခဲ့တာဖြစ်ကာအခန်းထဲ မီးစက်ဖွင့်ပြီး အဲ့မီးခိုးတွေကြောင့် အောက်စီဂျင်ပြတ်ကာ အသက်ရှုရပ်ပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ ကနဦးသိရပြီး အလောင်းကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်မှာ မိသားစု၄ယောက်နဲ့ အိမ်မွေးခွေး ၁ကောင် မီးစက်မှအငွေ့များကြောင့် အသက်ရှုရပ်ပြီးသေဆုံးခဲ့
May 01 • 7:13 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 29 | 0 | 0 | 0 |


