back

ရှမ်းပြည်နယ်၊လားရှိုးမြို့တွင် သူခိုး၊ ဓားပြ ပေါလာပြီး ဒေသခံများ သွားလာမှု စိုးရိမ်နေရ

May 01 • 7:07 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊လားရှိုးမြို့တွင် သူခိုး၊ ဓားပြ ပေါလာပြီး ဒေသခံများ သွားလာမှု စိုးရိမ်နေရ

ရှမ်းပြည်နယ်၊လားရှိုးမြို့တွင် သူခိုး၊ဓားပြ ပိုဆိုးရွားလာပြီး ဒေသခံများအနေဖြင့် နေ့လည်နေ့ခင်း အပြင်သွားလာရာမှာ လုံခြုံမှု စိုးရိမ်နေရကြောင်း မေလ(၁)ရက်နေ့တွင် ဒေ...

ရှမ်းပြည်နယ်၊လားရှိုးမြို့တွင် သူခိုး၊ဓားပြ ပိုဆိုးရွားလာပြီး ဒေသခံများအနေဖြင့် နေ့လည်နေ့ခင်း အပြင်သွားလာရာမှာ လုံခြုံမှု စိုးရိမ်နေရကြောင်း မေလ(၁)ရက်နေ့တွင် ဒေသခံများထံက သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု မကြာခဏဖြစ်ပေါ်နေပြီး ယမန်နေ့ ဧပြီလ(၃၀)ရက်မှာလည်း နေ့ခင်းဘက်နေအိမ်အတွင်း ဈေးလာဝယ်သည့် ပုံစံဖြင့် အမျိုးသား(၁)ဦးမှ ဓားပြတိုက် လုယက်မှုတွင် ငွေသားနှင့် ရွှေပါသွားကာတစ်ရက်တစ်ရက်ကို ကြားရတာက ဘယ်နေရာမှာ ဘယ်လို လုယက်တာ၊ ဘယ်လိုဓားပြတိုက်တာဆိုတာ အခု ပိုဆိုးတယ်။ မနေ့က မနက်ပိုင်း(၁၁)နာရီမှာ ဈေးလာဝယ်တဲ့ ပုံစံနဲ့ လုပ်သွားတာ ဆွဲကြိုးနဲ့ လက်ကောက်၊ ပိုက်ဆံပါသွားတယ်။ လူဘာမှ မဖြစ်တာ ကံကောင်းတယ်ပဲ ပြောရမယ်ရှင်"ဟု ဒေသခံတစ်ဦးကပြောပါတယ်။ မနေ့က ဧပြီလ(၃၀)ရက်ထဲမှာပဲ လားရှိုးမြို့ ဘူတာလမ်း၊ ရပ်ကွက်(၉)၊ နယ်မြေ(၃)နားတွင် အမျိုးသား(၁)ဦးကို သူခိုးဓားပြ (၁၀)ယောက်မှ ဓားဖြင့် လိုက်ခုတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။



news-view-count-icon

27