မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာ၀တီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း ဦးဆောင်၍ ပုသိမ်ခရိုင်/ပုသိမ်မြို့နယ်မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များသည် ၁.၅.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့၊ သမိုင်းဝင်လေးကျွန်းရန်အောင်မြင်ဖောင်တော်ဦး(ရေကြည်ဦး)ဘုရား၌ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်း၊ ရင်ပြင်တော်သန့်ရှင်းရေးနှင့် မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။



