ထိုင်းနိုင်ငံ၊ နခွန်နာယုတ်မြို့၊ ဘန့်ယိုင်ရပ်ကွက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ကိုင်နေတဲ့ ဈေးမှာ ဧပြီလ ၃၀ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။မီးလောင်မှုဖြစ်ပွားနေချိန် ဈေးမှာနေထိုင်ကြတဲ့ မြန်မာအလုပ်သမားတွေဟာ အိပ်စက်နေရာကနေ ကစဉ်ကလျား ထွက်ပြေးလာကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ဒေသတွင်း မီးသတ်တပ်ဖွဲ့က အချိန်မီ ရောက်ရှိလာပြီး မီးငြှိမ်းသတ်ပေးခဲ့ပေမဲ့ မီးအားပြင်းတဲ့အတွက် အင်္ကျီ၊ ဖိနပ်၊ လွယ်အိတ် ရောင်းတဲ့ ဆိုင်ခန်း ၄/၅ ခန်းလောက် မီးလောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။
May 01 • 3:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


