back

လူနာတင်ကားကို လမ်းပိတ်မိပြီး လူနာ‌ေသဆုံးသွားတဲ့အတွက် ဖူးခက်မှ တက္ကစီ ယာဉ်မောင်းကို အရေးယူမည်

May 01 • 3:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

လူနာတင်ကားကို လမ်းပိတ်မိပြီး လူနာ‌ေသဆုံးသွားတဲ့အတွက် ဖူးခက်မှ တက္ကစီ ယာဉ်မောင်းကို အရေးယူမည်

ထိုင်းနိုင်ငံဖူးခက်မှ Kathu ခရိုင်မှာ တက္ကစီ ယာဉ်မောင်း တစ်ယောက်ဟာ လူနာတင်ကားကို လမ်းပိတ်ထားတဲ့ ဗီဒီယို ထွက်ပေါ်လာပြီးနောက်မှာ ဖူးခက် ရဲဌာနက အဲဒီ ယာဉ်မောင်းကို ...

ထိုင်းနိုင်ငံဖူးခက်မှ Kathu ခရိုင်မှာ တက္ကစီ ယာဉ်မောင်း တစ်ယောက်ဟာ လူနာတင်ကားကို လမ်းပိတ်ထားတဲ့ ဗီဒီယို ထွက်ပေါ်လာပြီးနောက်မှာ ဖူးခက် ရဲဌာနက အဲဒီ ယာဉ်မောင်းကို အမှုဖွင့်လိုက်ပါတယ်။ အဲဒီဗီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဗီဒီယိုမှာ တက္ကစီ ယာဉ်မောင်းဟာ အရေးပေါ် မီးလုံးနဲ့ အသံ ဖွင့်ထားပြီး အသည်းအသန် လူနာကို သယ်ဆောင်လာတဲ့ လူနာတင်ကားကို လမ်းဖယ်ပေးဖို့ ငြင်းဆန်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအတွက် လူနာဟာ ဆေးရုံကို မရောက်ခင်မှာပဲ ‌ေသဆုံးသွားခဲ့ပါတယ်လို့ Kamala ခရိုင်ခွဲ ကယ်ဆယ်ရေး စင်တာက ပြောပါတယ်။


news-view-count-icon

19