back

ထိုင်းစီးပွားရေး ကြီးထွားနှုန်း နှေးကွေးနေခြင်းသည် ထိုင်းနိုင်ငံတွင် တန်ဖိုးမြင့် ကားများ အဝယ်နှေးသွားစေ

May 01 • 1:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းစီးပွားရေး ကြီးထွားနှုန်း နှေးကွေးနေခြင်းသည် ထိုင်းနိုင်ငံတွင် တန်ဖိုးမြင့် ကားများ အဝယ်နှေးသွားစေ

ထိုင်းစီးပွားရေး ကြီးထွားနှုန်း နှေးကွေးနေခြင်းသည် ထိုင်းနိုင်ငံတွင် တန်ဖိုးမြင့် ကားများ အဝယ်နှေးသွားစေသည်ဟု ဗြိတိန်ကားအမှတ်တံဆိပ် Land Rover နှင့် Jaguar ကားမ...

ထိုင်းစီးပွားရေး ကြီးထွားနှုန်း နှေးကွေးနေခြင်းသည် ထိုင်းနိုင်ငံတွင် တန်ဖိုးမြင့် ကားများ အဝယ်နှေးသွားစေသည်ဟု ဗြိတိန်ကားအမှတ်တံဆိပ် Land Rover နှင့် Jaguar ကားများ ဖြန့်ဖြူး‌ရောင်းချသည့် Inchcape (Thailand) ၏ မန်နေဂျင်း ဒါရိုက်တာ Charnchai Mahantakhun က ပြောသည်။Land Rover နှင့် Jaguar ကားအမှတ်တံဆိပ်များကို အပြည့်အဝ ပိုင်ဆိုင်သည့် အိန္ဒိယမှ Tata Motors သည် နိုင်ငံရပ်ခြားမှ ထုတ်လုပ်သော ကားများ တင်သွင်းမှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ ၂၅% အကောက်ခွန် သက်ရောက်မှုကြောင့် အမေရိကန် ကားဈေးကွက် အရောင်းရ ခက်နေစေသဖြင့် အာရှ-ပစိဖိတ်တွင်ရောင်းအားပမာဏတိုးရန် စဉ်းစားနေသည်ဟု ၎င်းက ပြောကြားသည်။


news-view-count-icon

13