ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာဧပြီလ၃၀ရက် မနေ့ည ၁နာရီ၃၀မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ၁ဦး ဒဏ်ရာရခဲ့ပါတယ်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် (၁၂၁/၁)မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြူး၁၁၅မိုင် မီးသတ်စခန်းနဲ့ ဗောဓိကုန်း အမြန်လမ်းမီးသတ်စခန်းမှ ကယ်ဆယ်ရေးလာရောက်လုပ်ဆောင်ခဲ့ကာယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသားတစ်ဦးကို လတ်တလောမှာ အမြန်လမ်းကြက်ခြေနီ လူနာတင်ယာဉ်နဲ့ ဖြူးပြည်သူ့ဆေးရုံကြီးဆီပို့ဆောင်ထားတယ်လို့သိရပါတယ်။
May 01 • 1:53 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


