မုံရွာမြို့၌ တေရသမအကြိမ်အဖြစ် သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်းများနှင့် နဝမအကြိမ်အဖြစ် သီလရှင်ဆရာလေးများအား ဆွမ်းဆန်၊ ဆီများ လစဉ်လောင်းလှူမှုကို ကျင့်သုံးလျက်ရှိရာ သံဃာတော်များ၏ ဓမ္မအတန်းတက်ရောက်မှုနှင့် နေ့စဉ်ကျမ်းကြီးကျမ်းငယ် သင်ကြားမှုတွင် တည်တံ့စေသော ကုသိုလ်ကောင်းကြီးတစ်ရပ်အဖြစ် မြင်တွေ့နိုင်သည်။



