ချင်းတွင်းမြစ်ကြောင်းတလျောက်တွင် ရွှေတူးဖော်သူများ များလာနေပြီး၊ ဧရာမသဲသောင်ကြီးများဖြစ်လာကာ ရေလမ်းကြောင်းပျက်စီးမှုများဖြစ်ပေါ်နေသည်။ အရင်ကလည်း ရွှေဖောင်ရှင်းလင်းရေးများရှိခဲ့သော်လည်း ယခုတွင် ဒေသခံများနှင့်ပူးပေါင်းကာ ရွှေလုပ်ငန်းများပြန်လည် တိုးလာနေကြောင်း သိရသည်။



