ယနေ့ ဧပြီ ၃၀ ရက် မနက် ၄ နာရီကရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မုန့်လက်ဆောင်းကုန်းရပ်ကွက် ပြည်သူ့ကွက်သစ် ၁ လမ်းထိပ်ရှိ တိုက်ခန်း ပေါ် တက်ပြီး ပစ္စည်းခိုးယူတဲ့ အမျိုးသမီးတစ်ဦး တိုက်ပေါ်ကခုန်ချစဥ် ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖုန်းနဲ့ပစ္စည်းတွေ ခိုးယူခဲ့တဲ့အမျိုးသမီးက အသက် ၄၀ အရွယ်ဝန်းကျင်လောက်ရှိပြီး ရုပ်အလောင်းကို စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့က ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေး ခဲ့တယ်လို့ သိရပါတယ်။



