မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေမှာ ယနေ့ ဧပြီ(၃၀) ရက် နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်းရေ ပြန်ကျဆင်းသွားပြီဖြစ်ကြောင်း တာချီလိတ်အခြေစိုက် ဦးလှမိုးနာရေးကူညီမှု အသင်းတာဝန်ခံတစ်ဦးက ပြောသည်။လက်ရှိ မွန်းလွဲပိုင်း (၁)နာရီကျော်အထိ ချောင်းရေမြင့်တက်လာခြင်းမျိုးမရှိဘဲ မေလ(၂)ရက်အထိ မိုးဆက်လက်ရွာသွန်းနိုင်သည်ဟု မိုးလေဝသပညာရှင်များက အသိပေးထားသည့်အတွက် စောင့်ကြည့်နေကြကြောင်း သိရသည်။



