မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေပြိုကျသဖြင့် လမ်းပိတ်နေသောကြောင့် သွားရေးလာရေး ခက်ခဲနေသဖြင့် ပူတာအို - ခေါင်လန်ဖူးလမ်းပိုင်းကို အမြန်ဆုံးရှင်းလင်းပေးစေလိုကြောင်း သိရသည်။အဆိုပါလမ်းတစ်လျှောက် နေရာကွက်ကြား မြေပြိုနေခြင်းပြီး ဆန်းလွှတ်ချက်တောင်အဆင်းတွင် အဆိုးဆုံးဖြစ်ကာ လမ်းပိတ်နေသောကြောင့် ခေါင်လန်းဖူးတွင် အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်လာပြီး ဆန်တစ်ဆိတ်လျှင် ငွေကျပ်သုံးသိန်းကျော်ပေးရကြောင်း သိရသည်။ပျက်စီးနေသောလမ်းနေရာများကို စက်ယန္တားရားကြီးများ အသုံးပြုပြီး ပြုပြင်ပါကာ နှစ်ပတ်ခန့်ကြာမြင့်နိုင်ကြောင်း ပူတာအိုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပူတာအို - ခေါင်လန်ဖူးလမ်းသည် မိုင် ၁၁၅ မိုင်ခန့် ရှည်လျားပြီး ၂၀၂၂ ခုနှစ် မတိုင်ခင်က ၁၀ ရက်ကြာသွားရသော ခရီးဖြစ်သည်။



