MNL League Cup 2025 အုပ်စု (C ) ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ဟံသဝတီယူနိုက်တက် (၅-၀) Glory Goal အသင်းတို့ ပွဲစဉ်၏ AYA Pay Man of the Match အကောင်းဆုံးကစားသမားဆုကို ဟံသာဝတီယူနိုက်တက်အသင်းတိုက်စစ်မှူး ဇွဲမာန်သာက ရရှိခဲ့သည်။AYA Pay အကောင်းဆုံးဆုအတွက် ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် နှစ်သိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်ကို ယနေ့ပွဲစဉ်၏ ပြိုင်ပွဲကြီးကြပ် ဦးမိုးသွင်ထွန်းက ချီးမြှင့်ပေးခဲ့သည်။



