မြန်မာနိုင်ငံဟာ ငလျင်ရပ်ဝန်းမှာတည်ရှိနေတဲ့အတွက် မြေထုရွေ့လျားမှုကို စောင့်ကြည့်နိုင်ဖို့ GPS စက်တွေ တပ်ဆင်ထားတယ်လို့ မြန်မာနိုင်ငံငလျင်ကော်မတီကနေ သိရပါတယ်။အဲဒီ GPS စက်တွေကို EOS ၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန(DMH)နဲ့ မြန်မာနိုင်ငံ ငလျင်ကော်မတီတို့ ပူးပေါင်းကာ (၂၀၁၁)ခုနှစ်က စတင်တပ်ဆင်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် GPS စက်တပ်ဆင်ထားတဲ့စခန်း (၁၇)နေရာကနေ မြေထုရွေ့လျားမှုကို စောင့်ကြည့်နေကာGPS စက်တွေက ငလျင်ကြီးဖြစ်စေနိုင်တဲ့ မြေထုရွေ့လျားမှုကို စောင့်ကြည့်နိုင်ပြီးစစ်ကိုင်းပြတ်ရွေ့ကို အဓိကထားကာ ပဲခူး၊ ရမည်းသင်း၊ ဟဲဟိုး၊ လွိုင်လင် စတဲ့ မြို့နယ်တွေကပြတ်ရွေ့တွေမှာ တိုင်းတာဖို့တပ်ဆင်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြေထု ရွေ့လျားမှုကို တိုင်းတာတဲ့စက်တပ်ဆင်ထားတဲ့စခန်း (၁၇)ခုအပြင် ငလျင်တိုင်းတာတဲ့စက်(၁၀)ခုကိုလည်း တပ်ဆင်ထားရာအဲဒီလို Gps စက်တပ်ထားတဲ့အတွက် တစ်နှစ်ကို မြေရွေ့နေမှုနဲ့ ငလျင်ဖြစ်တဲ့အချိန် မြေရွေ့သွားတာတွေကိုတွက်ချက်နိုင်ပြီး ရွေ့လျားနေတဲ့ ဦးတည်ရာနဲ့ အလျင်ကို သိနိုင်တယ်လို့ သိရပါတယ်။



