မေလ၂ရက်သောကြာညပိုင်းမှာ ONE Friday Fights 106 ပြိုင်ပွဲ မှာ မွန်ဖိုက်တာစိန်လုံးချော ပွဲရှိကာမေလ၃ရက်စနေ့မနက်ပိုင်း ရောက်ရင် ONE Fight Night 31 ပြိုင်ပွဲလည်းရှိပါတယ်။ONE Friday Fights ကနေ တက်လာတဲ့ လူငယ်တွေ ၊ ဇီဘက်စတီယန် ဂါဒက်စတန် တို့လို ဖိုက်တာတွေ ကို ပွဲထုတ်ထားကာစနေ ညနေပိုင်းမှာ လူပီနီကွင်းထဲမှာပဲ LWC Super Champ ပြိုင်ပွဲ ရှိပါတယ်။စာရွက်ပေါ်မှာတော့ မြန်မာဖိုက်တာ ၂ ယောက် ဆိုပေမယ့် ၊ တိတိကျကျ ပြောရရင် မြန်မာဖိုက်တာ ၃ ယောက်ထိ ထိုးသတ်သွားမှာလည်းဖြစ်ပါတယ်။ထူးထူးခြားခြား LWC Super Champ ကလဲ မြန်မာ ဖိုက်တာတွေကို ခပ်စိပ်စိပ် နေရာပေးလာသလိုဖြစ်ကာONE Friday Fights မှာ ထိုးပြီး အနားယူခဲ့တဲ့ တစ်ကျော့ပြန် စောစံမြှားရဲ့ ပွဲနဲ့ရဲရင့်နောင် ရဲ့ အစ်ကို မျိုးမြတ်အောင် ထိုးပွဲလည်းပါမှာဘဲဖြစ်ပါတယ်။ ရဲရင့်နောင် ၊ စောအယ်စီး တို့နဲ့ ထိုးဖူးတဲ့ ထိုင်းဖိုက်တာ ပက်ချ်နာရင် နဲ့ ထိုးမယ့် ONGJANEH ROTT ကလဲ နယူးဇီလန် ဆိုပေမယ့် မြန်မာဖိုက်တာပုညစိုင်း တို့လိုပဲ သူကလဲ မြန်မာမိဘကနေ မွေးတဲ့ ချာတိတ်လေးဘဲဖြစ်ပါတယ် သောကြာ နဲ့ စနေ နှစ်ရက်မှာတင် လူပီနီ ကွင်းထဲမှာ မြန်မာ ဖိုက်တာ 4 ယောက် ထိုးမယ်လို့ ဆိုနိုင်ပါတယ်။



