ဧပြီလ(၂၉)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်မှ ငလျင်ဘေးသင့် အိမ်ထောင်စု(၆၄၄)စုအတွက်အိမ်ထောင်စု(၁)စုလျှင် ဆန် (၆)ပြည်အိတ်(၁)အိတ်၊ မီးဖိုချောင်သုံးပစ္စည်း(၁)စုံ၊ တာပေါ်လင်(၂) ချပ်၊ခြင်ထောင် (၁)လုံး၊ အမျိုးသမီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ တို့ကို ထောက်ပံ့ခဲ့ပါတယ်။ အိမ်ထောင်စု(၁)စုလျှင်၅၀,၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၆၄၄)စုစာအတွက် စုစုပေါင်း ၃၂,၂၀၀,၀၀၀ ကျပ်ကို ထောက်ပံ့ပေးခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်မှ ငလျင်ဘေးသင့် အိမ်ထောင်စု(၆၄၄)စုအတွက် ကြက်ခြေနီမှထောက်ပံ့ပေးခဲ့
Apr 30 • 3:10 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 55 | 0 | 0 | 0 |


