back

ရန်ကုန်ရပ်ကွက်ဈေးများတွင် သရက်သီး ပေါများ၊ အခြားသစ်သီးဈေးနှုန်း အပြောင်းအလဲအချို့ရှိ

Apr 30 • 3:08 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရပ်ကွက်ဈေးများတွင် သရက်သီး ပေါများ၊ အခြားသစ်သီးဈေးနှုန်း အပြောင်းအလဲအချို့ရှိ

ဧပြီ ၃၀ ရက် ရန်ကုန်မြို့ ရပ်ကွက်ဈေးများတွင် ရာသီပေါ် သရက်သီးစိမ်း တစ်လုံး ၈၀၀ ကျပ်မှလည်းကောင်း၊ သရက်သီးမှည့် တစ်လုံး ၅၀၀ ကျပ်မှ စတင်၍ စိန်တစ်လုံးမှည့် တစ်လုံး ၁...

ဧပြီ ၃၀ ရက် ရန်ကုန်မြို့ ရပ်ကွက်ဈေးများတွင် ရာသီပေါ် သရက်သီးစိမ်း တစ်လုံး ၈၀၀ ကျပ်မှလည်းကောင်း၊ သရက်သီးမှည့် တစ်လုံး ၅၀၀ ကျပ်မှ စတင်၍ စိန်တစ်လုံးမှည့် တစ်လုံး ၁၅၀၀-၁၆၀၀ ကျပ်၊ ရင်ကွဲနှင့် မချစ်စုမှည့် တစ်လုံး ၁၀၀၀-၁၂၀၀ ကျပ်အထိ ဈေးအမျိုးမျိုးဖြင့် ပေါပေါများများ တွေ့ရှိရသည်။ အခြား အသီးအနှံများဖြစ်သော သင်္ဘောသီး၊ သခွားမွှေး၊ ဖရဲသီးတို့မှာ ဈေးနှုန်းပုံမှန်ဖြစ်ပြီး၊ ပျားလိမ္မော်၊ ဗောက်သီးနှင့် ငှက်ပျောသီးအချို့မှာ ဈေးအနည်းငယ် တက်လာသည်ကို တွေ့ရသည်။ ကြက်မောက်၊ မင်းကွတ်၊ ရှောက်ချို၊ စပျစ်၊ ဆန်းကစ်၊ နဂါးမောက်နှင့် ပန်းသီးတို့မှာ ဈေးမြင့်မြင့်တွင် ရှိနေကြောင်း သိရသည်။


news-view-count-icon

102