အမေရိကန်ရေတပ် ပင်လယ်နီ၌တည်ရှိနေသော အမေရိကန်တပ်ဖွဲ့၏လေယာဉ်တင်သင်္ဘော Truman မှ တိုက်လေယာဉ် F/A-18E တစ်စင်းသည် ဒေသစံတော်ချိန် ဧပြီလ ၂၈ရက်က အဆိုပါလေယာဉ်တင်သင်္ဘောမှ ပျက်ကျခဲ့ကြောင်း အမေရိကန်ရေတပ်မှ ထုတ်ပြန်ထားချက်အရ သိရသည်။အဆိုပါ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အမေရိကန်ရေတပ်ဘက်မှ ကြေညာချက် မထုတ်ပြန်မီ ယီမင်ဟူသီ လက်နက်ကိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Yahya Sariya က ဗီဒီယိုဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ဟူသီလက်နက်ကိုင်အဖွဲ့သည် ဒုံးကျည်နှင့်ဒရုန်းများဖြင့် ပင်လယ်နီပေါ်ရှိ အမေရိကန်တပ်ဖွဲ့မှ လေယာဉ်တင်သင်္ဘော Truman နှင့် ၎င်း၏သင်္ဘောစုကို တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်း“ရန်သူသင်္ဘောများ”ကို မြောက်ဖက်သို့ အောင်မြင်စွာ ဆုတ်ခွာစေခဲ့ကြောင်း ဆိုထားသည်။
Apr 30 • 2:38 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


