back

မြန်မာယူ-၂၀မျိုးဆက်၊ လက်ရွေးစင်နောက်ခံလူဟောင်း ထိုက်ထိုက်အောင်ဟာ ကျောရိုးတွေပူးကုန်တာကြောင့် ဘောလုံးမကစားနိုင်တော့ကြောင်း ကြေညာ

Apr 30 • 2:27 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာယူ-၂၀မျိုးဆက်၊ လက်ရွေးစင်နောက်ခံလူဟောင်း ထိုက်ထိုက်အောင်ဟာ ကျောရိုးတွေပူးကုန်တာကြောင့် ဘောလုံးမကစားနိုင်တော့ကြောင်း ကြေညာ

မြန်မာယူ-၂၀မျိုးဆက်၊ လက်ရွေးစင်နောက်ခံလူဟောင်း ထိုက်ထိုက်အောင်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ဘောလုံးလောက,ကနေ အနားယူလိုက်ပြီဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန...

မြန်မာယူ-၂၀မျိုးဆက်၊ လက်ရွေးစင်နောက်ခံလူဟောင်း ထိုက်ထိုက်အောင်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ဘောလုံးလောက,ကနေ အနားယူလိုက်ပြီဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ကြေညာပါတယ်။ ထိုက်ထိုက်အောင်ဟာ ဂျာမနီလူမျိုးနည်းပြကြီး ဂတ်ဇီဆီရဲ့ သမိုင်းဝင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မျိုးဆက်အသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်ပြီး ဧရာဝတီ၊ ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နဲ့ မဟာယူနိုက်တက်အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ မဟာယူနိုက်တက်အသင်းနဲ့အတူ ပွဲကစားချိန်အတွင်း ပြုတ်ကျရာကနေ တင်ပါးဆုံအရိုးပဲ့၊ ဆီးခုံထိပ်အရိုးကောက်၊ ကျောရိုးကြားအရွတ်ထွက် ဒဏ်ရာတွေရခဲ့သလို အရိုးတီဘီရောဂါကိုလည်း ကာလရှည်ခံစားခဲ့ရပါတယ်။ လက်ရှိနောက်ဆုံးဒဏ်ရာ အခြေအနေက ကိုးလကြာအနားယူပြီးနောက်မှာ ကျောရိုးတွေပူးကုန်တာကြောင့် ဘောလုံးကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ ထိုက်ထိုက်အောင်က ဆိုကာ

လက်ရှိမှာတော့ ထိုက်ထိုက်အောင်ဟာ မဟာယူနိုက်တက်လူငယ်အသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး နည်းပြလောကကို ဝင်ရောက်ဖို့အတွက် ကြိုးပမ်းနေပါတယ်။



news-view-count-icon

33