back

တာချီလိတ်တွင် မိုးဆက်လက်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းနိုင်

Apr 30 • 12:56 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်တွင် မိုးဆက်လက်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းနိုင်

မိုးရွာသွန်းမှုနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်နေသော တာချီလိတ်မြို့တွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းအထိ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင...

မိုးရွာသွန်းမှုနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်နေသော တာချီလိတ်မြို့တွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းအထိ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားခဲ့သည်။ တောင်ကြီးပြီးလျှင် တာချီလိတ်သည် မိုးရေချိန် ဒုတိယအများဆုံးမြို့ဖြစ်ပြီး၊ ရေကြီးရေလျှံမှုမှာ မယ်ဆိုင်ချောင်း၏ ကြမ်းပြင် မြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ မေ ၁ ရက် နံနက် ၈ နာရီမှ မေ ၂ ရက် နံနက် ၉ နာရီအတွင်း မိုးများနိုင်သောကြောင့် တောင်ပေါ်ချောင်းများမှ တောင်ကျရေများ စီးဆင်းလာနိုင်ကြောင်း အသိပေးထားသည်။ ဧပြီ ၂၉ ရက် နေ့လည်ပိုင်းတွင် မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းနှင့် တာချီလိတ်မြို့ရှိ ရပ်ကွက်အချို့တွင် ရေများဝင်ရောက်ခဲ့သည်။ မယ်ဆိုင်ချောင်းအတွင်း ရေများမှာ ယခင်ကကဲ့သို့ သန့်စင်ခြင်းမရှိတော့ဘဲ အထက်ပိုင်းရှိ ရွှေတူးဖော်မှုများကြောင့် မြေစာများနှင့် ဓါတ်သတ္တုပစ္စည်းများ ပါဝင်နေသဖြင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ထိုင်းနိုင်ငံဘက်က သတိပေးထားသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလကလည်း ရက်ရှည်ရေကြီးမှုကြောင့် မယ်ဆိုင်ချောင်းအတွင်း ရွှံ့နွံများ မြင့်တက်နေသဖြင့် တောင်ကျရေကြောင့် ရေလျှံမှု ပိုမိုမြန်ဆန်လာကြောင်း သိရသည်။


news-view-count-icon

22