မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ သံဃာ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို IBEC သဘာဝဘေးအန္တရာယ်ကူညီစောင့်ရှောက်ရေးစင်တာနှင့် ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများပူပေါင်း၍ ယမန်နေ့ ဧပြီ ၂၉ ရက်က ဝတ္ထုငွေ/အလှူငွေနှင့် ဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရသည်။စစ်ကိုင်းမြို့ရှိ ပင့်သံဃာတော်အပါး(၇၀)အား တစ်ပါးလျှင် (၁)သိန်းကျပ်စီ၊ သီလရှင်ဆရာကြီး/ဆရာလေးအပါး(၁၀၀၀)ကျော်အား တစ်ပါးလျှင် (၂)သောင်းကျပ်စီ၊ ခေါင်းရိတ်ဓား၊ ဆပ်ပြာ၊ ဆေးဝါးအသုံးအဆောင်များကို ဗီယက်နမ်သံဃာ့အဖွဲ့အစည်းက လှူဒါန်းခဲ့ကြကြောင်း သိရသည်။



