ဧပြီလ ၂၈ ရက် တနင်္လာနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးကြိုးပစ်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ရာ လူကိုးဦးထက်မနည်းသေဆုံးခဲ့သည်ဟု သိရသည်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Cumilla ခရိုင်ရှိ နယ်မြေဒေသများတွင် လူလေးဦး၊Kishorganj ခရိုင်တွင် ၃ ဦးနှင့် Sunamganj နှင့် Netrokona ခရိုင်များတွင် တစ်ဦးစီသေဆုံးခဲ့ပြီး စုစုပေါင်း ၉ ဦးအထိရှိလာကြောင်းသိရသည်။မိုးကြိုးပစ်သေဆုံးမှုအများစုသည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး ၎င်းတို့၏လယ်မြေများတွင် အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရပြီးသေဆုံးကြခြင်းဖြစ်သည်။



