အိန္ဒိယနှင့် ပါကစ္စတန်စစ်သားများသည် အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသတွင် (၄)ရက် ဆက်တိုက်အဖြစ် ဧပြီ ၂၇ ရက် ညပိုင်းတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် နှစ်ဖက်ပြန်လည်ထိန်းသိမ်းရန် တရုတ်က တိုက်တွန်းခဲ့ကြောင်း သိရသည်။လူ ၂၆ ဦး သေဆုံးခဲ့သည့် ဧပြီ ၂၂ ရက် ကက်ရှ်မီးယားဒေသ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်အစိုးရ က ထိုတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။



