back

အစ်ဝစ်ချ်တိုက်စစ်မှူး လီယန်ဒီလပ်အား ခေါ်ယူရန် ဆွေးနွေးမှု အဆင်မပြေပါက ပဲလေ့စ်အသင်းတိုက်စစ်မှူး မာတက်တာကို မန်ယူ ကြိုးစားမည်

Apr 29 • 4:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

အစ်ဝစ်ချ်တိုက်စစ်မှူး လီယန်ဒီလပ်အား ခေါ်ယူရန် ဆွေးနွေးမှု အဆင်မပြေပါက ပဲလေ့စ်အသင်းတိုက်စစ်မှူး မာတက်တာကို မန်ယူ ကြိုးစားမည်

မန်ယူနိုက်တက်အသင်းသည် အစ်ဝစ်ချ်တိုက်စစ်မှူး လီယန်ဒီလပ်အား ခေါ်ယူရန်ကြိုးပမ်းမှု အဆင်မပြေဖြစ်ခဲ့ပါက ပဲလေ့စ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး မာတက်တာအား ကြိုးစားသွားမည်ဖ...

မန်ယူနိုက်တက်အသင်းသည် အစ်ဝစ်ချ်တိုက်စစ်မှူး လီယန်ဒီလပ်အား ခေါ်ယူရန်ကြိုးပမ်းမှု အဆင်မပြေဖြစ်ခဲ့ပါက ပဲလေ့စ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး မာတက်တာအား ကြိုးစားသွားမည်ဖြစ်ကြောင်း Give Me Sports သတင်းဌာန၏ ရင်းမြစ်များက ဖော်ပြခဲ့သည်။မန်ယူနိုက်တက်အသင်းသည် အသင်း၏ လက်ရှိတိုက်စစ်မှူးနှစ်ဦး ဖြစ်သည့် ဟွိုင်လန်းနှင့် ဇက်ဇီးတို့၏ စွမ်းဆောင်ရည်အပေါ် အားမရသည့်အတွက် အခြားတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူရန် အလိုရှိနေရာ ဒီလပ်နှင့် မာတက်တာတို့အား ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။အစ်ဝစ်ချ်အသင်း၏ တိုက်စစ်မှူး ဒီလပ်သည် အသင်းတန်းဆင်းသွားသည့်အတွက် လျော်ကြေးစာချုပ် ပေါင်သန်း ၃၀ ဝန်းကျင်မျှဖြင့် ထွက်ခွာခွင့်ရရှိမည်ဖြစ်ရာ ထိပ်တန်းကလပ်အသင်းများစွာက အပြိုင်စိတ်ဝင်စားနေပြီး မန်ယူနိုက်တက်အသင်းအနေဖြင့် ၎င်းတို့၏ ဦးစားပေးတိုက်စစ်မှူးကို ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်ရှိနေသည်။


news-view-count-icon

13