back

ဂျပန်နိုင်ငံမှ အသက်အကြီးဆုံးအမျိုးသမီး အသက် ၁၁၅ နှစ်၌ကွယ်လွန်

Apr 29 • 4:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံမှ အသက်အကြီးဆုံးအမျိုးသမီး အသက် ၁၁၅ နှစ်၌ကွယ်လွန်

ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံးအဖြစ် အသိအမှတ်ပြုခံထားရသည့် အသက် ၁၁၅ နှစ်အရွယ် အိုခဂီဟာယရှိသည် ယခုသီတင်းပတ်ကုန်၌ နှလုံးရောဂါဖြင့် ‌ေ-သဆုံးသွားခဲ့ကြောင်း ကျန်းမာရေး၊ ...

ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံးအဖြစ် အသိအမှတ်ပြုခံထားရသည့် အသက် ၁၁၅ နှစ်အရွယ် အိုခဂီဟာယရှိသည် ယခုသီတင်းပတ်ကုန်၌ နှလုံးရောဂါဖြင့် ‌ေ-သဆုံးသွားခဲ့ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။၁၉၀၉ ခုနှစ် စက်တင်ဘာလ၌ မွေးဖွားခဲ့သည့် မစ္စဟယရှိသည် ၎င်း၏မွေးရပ်ဖြစ်သော ဂိဖုစီရင်စု၊ တိုခိမြို့တွင် ဧပြီလ ၂၆ ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။ဟရော်ဂိုစီရင်စု အရှိယမြို့မှ အမျိုးသမီးတစ်ဦးသည် ယမန်နှစ် ဒီဇင်ဘာလက အသက် ၁၁၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် မစ္စဟယရှိကနိုင်ငံ၏ အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ ယခုအခါ အအိချိစီရင်စု၊ခိုတမြို့မှ အသက် ၁၁၄ နှစ်အရွယ်ရှိ အမျိုးသမီး မိနဲခွန်ဒိုဖြစ်လာကြောင်းလည်းဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။


news-view-count-icon

26