back

လျှပ်စစ်ဓာတ်အား ပြတ်တောက်လို့ စပိန်နှင့် ပေါ်တူဂီမှာ ကသောင်းကနင်းဖြစ်

Apr 29 • 4:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

လျှပ်စစ်ဓာတ်အား ပြတ်တောက်လို့ စပိန်နှင့် ပေါ်တူဂီမှာ ကသောင်းကနင်းဖြစ်

ဧပြီ၂၈ရက်နေ့က စပိန်နှင့် ပေါ်တူဂီနိုင်ငံမှာ လျှပ်စစ်ဓာတ်အား အကြီးအကျယ်ဖြတ်တောက်မှု ဖြစ်ပွားခဲ့ရာ နိုင်ငံတစ်ဝန်းကသောင်းကနင်းဖြစ်ကာ နှောင့်နှေးမှုတွေ ဖြစ်ခဲ့သည်။လ...

ဧပြီ၂၈ရက်နေ့က စပိန်နှင့် ပေါ်တူဂီနိုင်ငံမှာ လျှပ်စစ်ဓာတ်အား အကြီးအကျယ်ဖြတ်တောက်မှု ဖြစ်ပွားခဲ့ရာ နိုင်ငံတစ်ဝန်းကသောင်းကနင်းဖြစ်ကာ နှောင့်နှေးမှုတွေ ဖြစ်ခဲ့သည်။လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သန်းနှင့်ချီသောပြည်သူများမှာ အင်တာနက်နှင့် ဖုန်းကွန်ရက်များလည်း ပြတ်တောက်ခဲ့သည်။အချို့ဒေသများတွင် ရထားခရီးစဉ်များဖျက်သိမ်းခဲ့ရပြီး အချက်ပြမီးတွေ အလုပ်မလုပ်တော့သဖြင့် လေဆိပ်တွေမှာ နှောင့်နှေးမှုတွေ များလာခဲ့သည်။ဈေးဆိုင်များ၊ နေအိမ်များနှင့် စားသောက်ဆိုင်များ အမှောင်ထုအတွင်း ကျဆင်းသွားကာ ဓာတ်လှေ ကားများအတွင်း လူအချို့ ပိတ်မိခဲ့ပြီး လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရန် နာရီပေါင်းများစွာ ကြာနိုင်ကြောင်း စပိန်နိုင်ငံ၏ လျှပ်စစ်ကွန်ရက်က ဧပြီ၂၈ မွန်းလွဲပိုင်း၌ ပြောကြားခဲ့သည်။


news-view-count-icon

18