ရုရှားသမ္မတဗလာဒီမာပူတင်သည် ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ယူနီယံနှင့် ၎င်း၏မဟာမိတ်များ အောင်ပွဲရ နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် ယူကရိန်းနှင့်စစ်ပွဲကို သုံးရက်ကြာအပစ်အခတ်ရပ်စဲကြောင်း ဧပြီလ ၂၈ ရက်နေ့တွင်ကြေငြာခဲ့သည်။မေလ ၈ ရက်နေ့ သန်းခေါင်ချိန်မှစကာ မေလ ၁၀ ရက်နေ့အထိ ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခရမ္မလင်နန်းတော်ကပြောကြားခဲ့ပြီး ရုရှားကလည်း ယူကရိန်းဘက်ကပူးပေါင်းပါဝင်ပေးရန်တောင်းဆိုခဲ့သည်ဟုသိရသည်။အကယ်၍ ယူကရိန်းက ကတိကို ချိုးဖောက်ပါက ရုရှားစစ်တပ်က ထိရောက်စွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါကြေငြာချက်တွင်ဖော်ပြထားသည်။



