back

အောက်တိုဘာလတွင် ဆုံတွေ့ခဲ့စဉ်ကထက် မိမိတို့အသင်း တိုးတက်မှုများစွာရှိလာပြီး ပိုကောင်းသည့်အသင်းဖြစ်လာပြီဟု PSGနည်းပြအန်နရီကေး ကြုံးဝါး

Apr 29 • 3:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

အောက်တိုဘာလတွင် ဆုံတွေ့ခဲ့စဉ်ကထက် မိမိတို့အသင်း တိုးတက်မှုများစွာရှိလာပြီး ပိုကောင်းသည့်အသင်းဖြစ်လာပြီဟု PSGနည်းပြအန်နရီကေး ကြုံးဝါး

PSG နည်းပြ လူးဝစ်အန်နရီကေးက မိမိတို့အသင်းသည် အောက်တိုဘာလတွင် ဆုံတွေ့ခဲ့စဉ်ကထက် တိုးတက်မှုများစွာရှိလာပြီး ပိုကောင်းသည့်အသင်းဖြစ်လာပြီဟု ကြုံးဝါးပြောကြားခဲ့သည်။အ...

PSG နည်းပြ လူးဝစ်အန်နရီကေးက မိမိတို့အသင်းသည် အောက်တိုဘာလတွင် ဆုံတွေ့ခဲ့စဉ်ကထက် တိုးတက်မှုများစွာရှိလာပြီး ပိုကောင်းသည့်အသင်းဖြစ်လာပြီဟု ကြုံးဝါးပြောကြားခဲ့သည်။အန်နရီကေးသည် ဧပြီ၂၉ရက်နေ့တွင် အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။PSG အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် League Phase ၌ အာဆင်နယ်အသင်းနှင့် ဆုံတွေ့ခဲ့ရာ (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းပွဲကို အောက်တိုဘာလတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။


news-view-count-icon

11