back

တိုက်တန်းနစ်သင်္ဘောမှ အသက်ရှင်ကျန်ရစ်သူပို့ခဲ့သောစာကို ဗြိတိန်တွင် ပေါင် ၃ သိန်းဖြင့် လေလံတင်ရောင်း

Apr 28 • 5:13 PM

breaking-news

မြန်မာ

ပြည်ပ

cover

တိုက်တန်းနစ်သင်္ဘောမှ အသက်ရှင်ကျန်ရစ်သူပို့ခဲ့သောစာကို ဗြိတိန်တွင် ပေါင် ၃ သိန်းဖြင့် လေလံတင်ရောင်း

တိုက်တန်းနစ်သင်္ဘောမှ အသက်ရှင်ကျန်ရစ်သူတစ်ဦး ပို့ခဲ့သည့် စာတစ်စောင်ကို ဗြိတိန်တွင် စတာလင်ပေါင် ၃ သိန်းဖြင့် ဧပြီလ ၂၆ ရက်က လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။ အဆို...

တိုက်တန်းနစ်သင်္ဘောမှ အသက်ရှင်ကျန်ရစ်သူတစ်ဦး ပို့ခဲ့သည့် စာတစ်စောင်ကို ဗြိတိန်တွင် စတာလင်ပေါင် ၃ သိန်းဖြင့် ဧပြီလ ၂၆ ရက်က လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။ အဆိုပါ စာရေးပို့သူမှာ တိုက်တန်းနစ်သင်္ဘာမှ အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သည့် ဂရေးစီဖြစ်ပြီး ၎င်းသည် သင်္ဘော နစ်မြုပ်စဉ်တွင် ပင်လယ်အတွင်းခုန်ချခဲ့ပြီးနောက် ကယ်တင်ခံခဲ့ရသူလည်းဖြစ်သည်။ ထိုစာကို ၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ရေးသားခဲ့ခြင်းဖြစ်ပြီး မိတ်ဆွေထံပို့ခဲ့ပြီးနောက် ၁၅ ရက်နေ့တွင် တိုက်တန်းနစ်သင်္ဘောသည် ရေခဲတောင်နှင့် တိုက်မိကာ နစ်မြုပ်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုစာသည်လည်း ငွေအများဆုံးဖြင့် လေလံတင်ရောင်းချသည့် စာဖြစ်လာခဲ့ကြောင်းလည်း သိရသည်။




news-view-count-icon

19