၂၀၂၅ ခုနှစ် ပထမ သုံးလတာကာလအတွင်း တရုတ်နိုင်ငံရှိ စက်မှုလုပ်ငန်းကြီးတွေရဲ့ စုစုပေါင်းအမြတ်ငွေဟာ ကာလတူထက် ၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ တစ်နှစ်လုပ်ငန်းဝင်ငွေ အနည်းဆုံး ယွမ်သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၈သန်း) ရှိတဲ့ စက်မှုလုပ်ငန်းတွေဟာ အခုနှစ် ပထမ ၃ လအတွင်း အမြတ်ငွေစုစုပေါင်းယွမ် ၁ ဒသမ ၅၁ ထရီလီယံအထိ ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီကာလအတွင်း တရုတ်နိုင်ငံရှိ အဓိကစက်မှုလုပ်ငန်းကဏ္ဍတွေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကနေ အမြတ်တိုးတက်မှု ရှိခဲ့တာဖြစ်ပြီး စက်မှုလုပ်ငန်းအမျိုးအစား ၄၁ ခုအနက် ၂၄ ခုမှာ အမြတ်သိသိသာသာ မြင့်တက်ခဲ့တာဖြစ်ပါသည်။



