ယူကေအစိုးရအနေနဲ့ ရန်ပုံငွေ စုစုပေါင်း စတာလင်ပေါင် ၂၅ သန်းအထိ ထောက်ပံ့ထားပြီး ဒေသခံမိတ်ဖက်များမှတစ်ဆင့် အကူအညီလိုအပ်နေသူ ၁၁၆,၀၀၀ ကျော်ထံ ရောက်ရှိပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။WFP ဟာ ဒေသခံမိတ်ဖက်အဖွဲ့အစည်း (NGO) တွေနဲ့ပူးပေါင်းပြီး ငလျင်ဘေးသင့်သူတွေဆီ အဲဒီအကူအညီအထောက်အပံ့တွေကို တိုက်ရိုက်ပေးအပ်ခဲ့ပြီး လာမယ့် လတွေမှာ လူဦးရေ ၃၈၀,၀၀၀ ခန့်ကို ထပ်ပြီး အကူအညီပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။



