back

တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုရမည့်သူများနှင့် ဆရာ၊ ဆရာမများကို ထောက်ပံ့ငွေများပေးအပ်

Apr 28 • 4:56 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုရမည့်သူများနှင့် ဆရာ၊ ဆရာမများကို ထောက်ပံ့ငွေများပေးအပ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးတက္က သိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းဆောင်ရွက်စဉ် မီးလောင်မှုဖြစ်ပွားခဲ့၍ စစ်ကိုင်းတိုင်းရှိ မြို့နယ်(၁၃)မြို့နယ်မှ စာစစ်ဌ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးတက္က သိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းဆောင်ရွက်စဉ် မီးလောင်မှုဖြစ်ပွားခဲ့၍ စစ်ကိုင်းတိုင်းရှိ မြို့နယ်(၁၃)မြို့နယ်မှ စာစစ်ဌာန(၂၅)ခုတွင် ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ(၈၂၀၂) ဦး၏ တက္ကသိုလ်ဝင်တန်းအဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ရသည်။ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းသင်ကြားနေချိန်ကာလအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ်သိန်း(၁၀၀၀)၊ ကျောင်းသား၊ ကျောင်းသူ(၄၅၄)ဦးအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။



news-view-count-icon

18