ချင်းပြည်နယ် အပါအ၀င် တိုင်းနဲ့ ပြည်နယ် တချို့မှာ ဧပြီ ၂၈ ရက် ကနေ မေ ၃ ရက်နေ့အထိ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး တချို့နေရာတွေမှာ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။ဒါကြောင့် အချိန်အခါမဟုတ်မိုးရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ အသိပေးထားပါသည်။



