back

အီရန် ဆိပ်ကမ်းပေါက်ကွဲမှုတွင် သေဆုံးသူ ၄၀၊ ဒဏ်ရာရသူ ၁၂၀၀ ကျော်ရှိလာ

Apr 28 • 2:43 PM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန် ဆိပ်ကမ်းပေါက်ကွဲမှုတွင် သေဆုံးသူ ၄၀၊ ဒဏ်ရာရသူ ၁၂၀၀ ကျော်ရှိလာ

အီရန်နိုင်ငံရဲ့ အကြီးဆုံးဆိပ်ကမ်း ဘန်ဒါအဘားစ်မှာ အာကောင်းတဲ့ ပေါက်ကွဲမှုကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၀ ထက် မနည်းရှိလာပြီး၊ ဒဏ်ရာရသူ ၁၂၀၀ ကျော်သွားပြီလို့ နိ...

အီရန်နိုင်ငံရဲ့ အကြီးဆုံးဆိပ်ကမ်း ဘန်ဒါအဘားစ်မှာ အာကောင်းတဲ့ ပေါက်ကွဲမှုကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၀ ထက် မနည်းရှိလာပြီး၊ ဒဏ်ရာရသူ ၁၂၀၀ ကျော်သွားပြီလို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားပါတယ်။ ဒါဟာ ဧပြီလ ၂၇ ရက်နှောင်းပိုင်းအထိ သိရသမျှ သေဆုံးအရေအတွက်ပဲရှိသေးပြီးတော့ မီးလုံးဝငြိမ်းအောင်လို့လည်း ကြိုးစားနေရဆဲဖြစ်ပါတယ်။ ဧပြီလ ၂၆ ရက်နေ့က ဆိပ်ကမ်းမှာ ကုန်သေတ္တာထားတဲ့ စခန်းတွေထဲက အကြီးဆုံးဖြစ်တဲ့ ရှာဟစ်ရာဂျီစခန်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆိပ်ကမ်းက ဓာတုပစ္စည်းတွေက ပေါက်ကွဲမှုကို ပိုအားကောင်းစေခဲ့တယ်လို့ ယူဆရပေမဲ့ ဘာကြောင့် ပေါက်ကွဲသလဲဆိုတာ မသိရသေးပါဘူး။




news-view-count-icon

22