စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော ကိုယ်လုံပညာသင်တန်းဆင်းပွဲကို ဧပြီလ (၂၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကိုယ်လုံပညာသင်တန်းသို့တက်ရောက်ခဲ့သည့် သင်တန်းသူများကိုယ်စား သင် တန်းသူ မဂျာမွန်းပန်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသူများက သရုပ်ပြဖျော်ဖြေခဲ့ ကြောင်းသိရသည်။အဆိုပါသင်တန်းကို (၂၄-၃-၂၀၂၅)ရက်နေ့မှ (၂၇-၄-၂၀၂၅)ရက်နေ့အထိ အခြေခံဗန်တို(၆၃) နည်းပညာကို သင်တန်းသူ(၂၁)ဦးတို့ကို သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်းသိရသည်၊၊



