ပြည်ပမှတင်သွင်းရသည့် လူသုံးကုန်အိမ်သုံးပစ္စည်းများ စျေးထိုးတက်နေချိန်တွင် သစ်တောထွက် ပစ္စည်း များ ဖြင့် ပြုလုပ်ထားသော အိမ်သုံးပစ္စည်းများ တကျော့ပြန် ပြန်လည်အသုံးပြုမှုများလာကြောင်း သိရသည်။အိမ်တွင်း သန့်ရှင်းရေးအဖြစ် တံမြက်စည်းနေရာတွင် ယခင်က ကော်တံမြက်စည်းနှင့် အဝတ် တံမြက် စည်းကို သုံးရာမှာ ယခုအခါ ယခင်တံမြက်စည်းပင်ဖြစ်လုပ်သည် သဘာ၀တံမြက်စည်းနှင့် အုန်းတံမြက်စည်း များကို ပြန်လည်အသုံးပြုနေကြရပြီး စျေးသက်သာမှုကြောင့် ပို၍သုံးလာကြကြောင်း သိရသည်။



