ရန်ကုန်စျေးကွက်ထဲ စိန်တလုံးသရက်များ မြောက်များစွာဝင်ရောက်နေပြီး အသေးတစ်လုံးလျှင် ၅၀၀ မှ ခေါင်သီး ၁၅၀၀ ကျပ်အထိ ပေါများစွာဝယ်လို့ရနေကြောင်း သိရသည်။လက်ရှိတွင် သရက်သီးမှည့်ကြိုက်သူများ စားသည့် ရင်ကွဲသရက်မှာ အဝင်မရှိသလောက်ဖြစ်နေပြီး အချို ပေါ့ သည့် စိန်တလုံးသရက်သာ အတွေ့များနေပြီး ရန်ကုန်အနီးတစ်၀ိုက် ခြံများမှ ဝင်လာကြောင်းဆိုသော်လည်း အများစုမှ ယခင်က တရုတ်ဘက်သို့ ပို့သည့်ခြံများမှ လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် နယ်စပ်ထက် ရန်ကုန် သို့သာ ပို့နေကြခြင်းဖြစ်ကြောင်း သစ်သီးကုန်သည်များထံမှ သိရသည်။



