ဂျပန်နိုင်ငံအနောက်ပိုင်းမှာ ခရီးသည်တင်ရထား လမ်းချော်ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ရတာ ဧပြီ ၂၅ ရက် သောကြာနေ့မှာ နှစ် ၂၀ ပြည့်ပြီ ဖြစ်ပါတယ်။ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ၊ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရထားကုမ္ပဏီက ဝန်ထမ်းတွေဟာ အဲဒီ ကြေကွဲဖွယ်ရာနေရာကို သွားရောက်ခဲ့ကြပါတယ်။ အဲဒီ မတော်တဆမှုမှာ လူ ၁၀၇ ဦး သေဆုံးပြီး ၅၆၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီရထားလိုင်းကို JR West လိုလည်း လူသိများတဲ့ West Japan Railway ကုမ္ပဏီက လုပ်ကိုင်ပါတယ်။ ကြေကွဲဖွယ်ရာအဖြစ်ဆိုး ဖြစ်ပွားခဲ့တဲ့ အချိန်အတိအကျဖြစ်တဲ့ မနက် ၉ နာရီ ၁၈ မိနစ်မှာ အဲဒီနေရာမှာ အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ခဏတာ ငြိမ်သက်ဆုတောင်းခဲ့ကြောင်း သိရသည်။



