back

ဂျပန်နိုင်ငံ၊ Osaka ကုန်စည်ပြပွဲမှာ "ကားပျံ" ရဲ့ အစိတ်အပိုင်းတွေချွတ်ယွင်းခဲ့ခြင်းကြောင့် သရုပ်ပြပျံသန်းမှု ဖျက်သိမ်း

Apr 28 • 12:43 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံ၊ Osaka ကုန်စည်ပြပွဲမှာ "ကားပျံ" ရဲ့ အစိတ်အပိုင်းတွေချွတ်ယွင်းခဲ့ခြင်းကြောင့် သရုပ်ပြပျံသန်းမှု ဖျက်သိမ်း

"flying car" ဒါမှမဟုတ် "ကားပျံ" လို့ သိများတဲ့ယာဉ်ရဲ့ စက်ကိရိယာအစိတ်အပိုင်း တစ်ချို့ ပျက်စီးချွတ်ယွင်းမှုကြောင့် ဂျပန်နိုင်ငံ၊ Osaka မြို့မှာ ပြုလုပ်နေတဲ့ 2025 ...

"flying car" ဒါမှမဟုတ် "ကားပျံ" လို့ သိများတဲ့ယာဉ်ရဲ့ စက်ကိရိယာအစိတ်အပိုင်း တစ်ချို့ ပျက်စီးချွတ်ယွင်းမှုကြောင့် ဂျပန်နိုင်ငံ၊ Osaka မြို့မှာ ပြုလုပ်နေတဲ့ 2025 World Expo ကုန်စည်ပြပွဲကြီးမှာ ဧပြီလ ၂၇ ရက် တနင်္ဂနွေက ပြုလုပ်မယ့် သရုပ်ပြပျံသန်းမှုတွေကို စီစဉ်ကျင်းပတဲ့ သက်ဆိုင်ရာ ကုမ္ပဏီက ဖျက်သိမ်းခဲ့ပါသည်။ Marubeni ကုမ္ပဏီက ဧပြီလ ၂၆ ရက် စနေနေ့ မွန်းလွဲပိုင်းမှာ လေယာဉ်မှူးတစ်ဦးလိုက်ပါပြီး သရုပ်ပြပျံသန်းမှုပြုလုပ်နေစဉ်အတွင်း စက်အစိတ်အပိုင်းတချို့ ပြုတ်ကျခဲ့ကြောင်း အဲဒီကုမ္ပဏီက ပြောပါတယ်။ တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိဝာာမရှိဘဲ မော်တော်ယဉ် ဆင်းသက်လာနိုင်ခဲ့ပါတယ်။ ယာဉ်မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီး ယာဉ်ကို မောင်းနှင်လည်ပတ်ဖို့ ဘေးကင်းစိတ်ချရမှုရှိကြောင်း အခိုင်အမာလုပ်ဆောင်ပြီးမှ သရုပ်ပြမောင်းနှင်မှုတွေကို ပြန်လည်စတင်မည် ဖြစ်ပါသည်။



news-view-count-icon

24