ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်၊ ပေါတုတ်ကျေးရွာ၌ဧပြီလ ၂၇ ရက်နေ့တွင် မိုးကြီး လေပြင်းတိုက်လိုက်သောကြောင့် ကျေးရွာရှိ ဒေသခံနေအိမ် ၁၃ လုံး အမိုးလှန် ပျက်စီးသွားပြီး ခရမ်းချဉ်သီးခြံ၊ ကော်ဖီထုပ်ခြံများလည်းပျက်စီးခဲ့ကြောင်းသိရသည်။အိမ်ပျက်စီးသူများသည် အိမ်ပြန်လည်ပြုပြင်နိုင်ရန်အတွက် အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။



