ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ၊နန်းပန်စျေးတွင် ငလျင်မလှုပ်ခတ်ခင်တွင် ဝါးတစ်လုံးကို ၆,၀၀၀ ကျပ်သာ ရှိပြီး ငလျင်လှုပ်ခတ်ပြီးနောက် တစ်သောင်းရှစ်ထောင်ကျပ်အထိ စျေးတက်ခဲ့ကြောင်းသိရသည်။ဝါးစျေးတက်သည့်အပြင် သက်ကယ်အချပ် ၁၀၀ ကိုလည်း မြန်မာငွေကျပ် ၄ သောင်းကနေမှ ၈ သောင်းကျပ်အထိစျေးတက်ခဲ့ကြောင်း သိရသည်။



